နမ့်စန်တွင် ကာကွယ်ဆေးလုံးဝမထိုးရသေးသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

နမ့်စန်(တ)    စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ယနေ့နံနက် ၉  နာရီက နမ့်စန်(အထက)၊ မြို့မ(အထက)နှင့် အမှတ်(၃)ရပ်ကွက်အလကခွဲ ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (Vero Cells)  ထိုးနှံခြင်းလုပ်ငန်းများကို စုရပ်အလိုက် စနစ်တကျ ဆောင်ရွက် ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ် သည်များကို ကူညီ ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်နမ့်စန်မြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန် ရှိသူများကို ဦးစားပေးသတ်မှတ်ချက်အလိုက် နေ့စဉ်ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုး အစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)