အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် ရပ်ကွက် များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းများနှင့် အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်) ဆဌမမြောက်နေ့ ဆေးထိုးနှံ ပေးမှုကိုယနေ့နံနက်က သတ်မှတ်စုရပ်(၁၅)နေရာတွင် ဆက်လက်ဆေးထိုးနှံပေးလျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့်     ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ပြီး မင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်များ၌ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်းသိ ရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့က ကြီးကြပ်မှုဖြင့် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယနေ့စက်တင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းက လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆောင်ရွက်ခဲ့သည်။
Sep 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့်  အရှိန်အဟုန်မြှင့်၍ ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က မိုင်းခတ်မြို့နယ်၊ ပင်းကွေကျေးရွာတွင် မြန်မာနှင့်ရှမ်းတိုင်းရင်းသားဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
Sep 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ဆွပ်ပန်းကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာသို အသံချက်စက်ဖြင့် အသိပေး နှိုးဆော်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။