ညောင်တုန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံအလုပ်၊ အလုပ်ရုံနှင့်စာသောက်ဆိုင်ဝန်ထမ်းများ အားပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ညောင်တုန်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံအလုပ်၊ အလုပ်ရုံဝန်ထမ်းများနှင့် စာသောက်ဆိုင် ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် နာရီအချိန်က အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ညောင်တုန်းမြို့ နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံအလုပ်၊ အလုပ်ရုံဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား ပထမအကြိမ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)