နောင်တရား စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ယနေ့အထိ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၈၉)ဦးရှိ ကြောင်း နောင်တရားတိုက်နယ်ဆေးရုံမှ သိရသည်။
နောင်တရားမြို့ အဝင်အထွက်များတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိ ပေးဆောင်ရွက်ခြင်း၊ ရောဂါပိုးထိတွေ့သူများကို အသွားအလာကန့်သတ်ခြင်း၊ ဆေးရုံ၌ စိုးရိမ်လူနာများကို ကုသပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသူများကို ကျန်းမာရေး စောင့်ရှောက်မှုစင်တာ၌ ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးခြင်းစသည့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းအရှိန်အဟုန်မပြတ်ဆောင်ရွက်ခြင်း ကြောင့် ရောဂါကူးစက်မှု လျော့ကျလာပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် RDT ဖြင့် ရောဂါပိုးထိတွေ့သူ ၂ ဦးကို စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးကင်းစင်ကြောင်းသိရသည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၉၈ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၈၉ဦး လက်ရှိတွင်ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ Positive လူနာ (၉)ဦးကို တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နောင်တရား အ.ထ.ကကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု စင်တာများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)