အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျောက်ခဲကြီး ကျေးရွာ၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာ ပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။
Sep 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြု ဗဟိုဌာနတွင် ဒို့ကျေးရွာဂျာနယ်ပါ ဆောင်းပါးများအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်သည်။
Sep 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများအား စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစတင်၍ ကသာမြို့တော်ခန်းမ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ စိုက်ပျိုးရေးတွင်အသုံးပြုနေ သည့် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်း တွင်ရေပြည့်အ မှတ်ထက် ကျော်လွန်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုးဆော်မှုအား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် များနှင့် မြို့မဈေးကြီးအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်နှင့် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၅)ရက် နေ့မှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင်လည်းကောင်း၊ အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ဖန်းခါးစမ်းကျေးရွာ တွင်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်လည်းကောင်း၊ စိုင်ကောင်း ကျေးရွာတွင် လည်းကောင်း၊ ရွှေပန်းတောကျေးရွာတွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။