မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ပထမအသုတ် ဆက်လက်ထိုးနှံပေး

မိုင်းဖြတ်     စက်တင်ဘာ    ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) (ဒုတိယ) အကြိမ် ပထမအသုတ်  ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈နာရီ အချိန်ကစ၍ ဆေးထိုးစုရပ်နေရာများ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင်  မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို    ကိုယ်ပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်း၊ ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ ကျန်းမာရေး ဝန်ထမ်းများက အသက် (၅၅) နှစ်မှ (၆၄) နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါ (ကူးစက်မှုမရှိ)သူများကို ထိုးနှံပေးနေပြီး  ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်တွင် (ဒုတိယ)အကြိမ် ပထမသုတ်တွင် ကာကွယ်ဆေး (၁၀၀) လုံး ရရှိထားပြီး ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် လူဦးရေး(၅၀၀)ကိုထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးစုရပ် (၁၆) နေရာတို့၌ သက်မှတ်ရက်များအလိုက် ထိုးနှံပေးသွားမည် ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး