မြစ်သား စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်မှ မှုလူမှုရေးပင်စင် တစ်ဦးလျှင်ငွေကျပ်၃၀၀၀၀နှုန်း ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ထပ်ဆင့်ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးခိုင်က လူမှုဝန်ထမ်းဦးစီး ဌာနမှ အမျိုးသားလူမှုရေး ပင်စင်များ ပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံတော်မှ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော (ဧပြီ၊ မေ၊ ဇွန်) သုံးလစာအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မြစ်သား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ၉၀ အုပ်စုမှ သက်ကြီး ဘိုးဘွား(၁၀၉၁)ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၇၃၀၀၀၀ ကိုသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ထံ ထပ်ဆင့်ထောက်ပံ့ပေးအပ်သည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပေးပို့သူ-မြမြမွန်(မြစ်သား)