မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၁) ဦး စစ်ဆေးတွေ့ရှိ

မိုင်းပန်စက်တင်ဘာ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ(၂၈) ဦး အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၂ဝ) ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၁) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ထားရှိကုသပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူ (၁၇) ဦးမှာ အရှေ့ရပ်ကွက်နေ ကျား (၃) ဦး၊ အနောက်ရပ်ကွက်နေ ကျား (၁) ဦး၊ မ (၁) ဦး၊ နမ့်တိန်းကျေးရွာနေ ကျား (၃) ဦး၊ မ (၃) ဦးတို့ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ (၄) ရက်နေ့မှ စက်တင်ဘာလ (၂ဝ) ရက်နေ့အထိ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၅ဝ) ဦး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ နှာခေါင်း၊ အာခေါင်တို့ပတ် Swab နမူနာပို့ဆောင်စစ်ဆေးခြင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦး စုစုပေါင်း (၂၅၉) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းအနက် သေဆုံး (၂) ဦး၊ ကုသဆဲ (၈ဝ) ဦး ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

မိုင်းပန် (ပြန်/ဆက်)