အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2020
ကော့ကရိတ်မြို့တွင် Mask ကမ်ပိန်း ဆောင်ရွက်ခြင်းများကို စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ဆောင်ရွက်ခဲ့ရာ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် မြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီမှ လက်အိတ် (၃)ဗူးနှင့် Mask (၂၅၀၀) ခု၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Mask (၁၀၀၀) ခု၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask (၅၀၀)ခု၊ သဟဇာတလူငယ်အဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်ကိုဟိန်းမှ Mask (၁၀၀၀)ခု၊ KSD လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်တိုးမှ Mask (၅၀၀)ခု၊ ခရိုင်လျှပ်စစ် ဦးစီးမှူး ဦးတင်မျိုးသန့်မှ Mask (၁၀၀၀)ခုနှင့် စေတနာ့ဝန်ထမ်းများအတွက် တီရှပ်အင်္ကျီ အထည်(၂၀)အတွက် ငွေကျပ် ၁၀၄၀၀၀/- တို့အား ဦးညီညီလွင်မှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Sep 14,2020
ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဟင်္သာတ) နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ကြီးကြပ် အသင်းတို့ပေါင်းပြီး ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 14,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ကျင်းလုံမြန်မာ Machinery Trading Co., Ltd. မှစုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၅ သိန်းကျပ်ခန့်ရှိ Face Shield ၂၀၀ ခုနှင့် PPE ဝတ်စုံ အစုံ ၃၀၀ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 14,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု လက်ဆေးဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။
Sep 14,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ သံလွင်ဦးစျေးပတ်ဝန်းကျင်ရှိလမ်းမကြီးပေါ်တွင် နှာခေါင်စည်း (Mask) မတပ်ဆင်ပဲလမ်းမပေါ်တွင် သွားလာနေကြသူများအား နှာခေါင်းစည်း(Mask)အား ချက်ချင်းဝယ်ယူ၊ ချက်ချင်းတပ်စေခြင်းဖြင့် ပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Sep 14,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွါးစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမ၊ ကမ်းနားလမ်း မြသီ တာဈေး အတွင်းအပြင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့ရှိ သွားလာနေသော ပြည်သူ များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အခမဲ့ဖြန့် ဝေခြင်းနှင့် Mask ကမ်ပိန်း ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ  မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက်