ပုဗ္ဗသီရိ စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ချိန်တွင် နဝဒေးရပ်ကွက်၊ အ.ထ.က (၂၀)အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက် ထိုးနှံပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် အသက်(၅၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီစာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲ တွင်ရှိသည့်အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တပ်မတော်ဆေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)