အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး​ဟောပြော​ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထက (၁) ကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၄) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Communitty Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ၊ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျ​န်းမာရေး စောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အဆိုပါ နားမကြားသော ကလေးများကျောင်း(ရန်ကုန်) စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
ဧရာတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့ကွင်းပြင်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။