Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 24,2025
ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာမြင့်မားစေရန်နှင့် စဥ်းစားတွေးခေါ်တတ်စေရန်တို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့နံနက်(၁၀)နာရီချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်မြို့မ(အ.ထ.က) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Oct 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့မ (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (ကသဲစု)တို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ
Oct 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင် သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် စိုက်ပျိုးထားသော ဧရာပဒေသာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နေရာဒေသအလိုက် ရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၆၂) ဦးပိုင်အမှတ်(၂၄/၁) တောင်သူဦးအောင်မင်း စိုက်ပျိုးထားသော ဧရာပဒေသာစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြင့်မားရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 24,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၂၄)ရက် နံနက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Oct 24,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက ဟူးမွန်ကျေးရွာ ရေပူကွင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသည့် မြေပဲစိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်း
Oct 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် တောင်သူလယ်သမားများက လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းနှင့် တွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မြေပဲစိုက်ပျိုးဧကများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2543
Page
2544
Page
2545
Page
2546
Current page
2547
Page
2548
Page
2549
Page
2550
Page
2551
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department