ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပပြလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား    အောက်တိုဘာ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာ ရီခွဲက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်သည်။

ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ယခုလို ပွဲတော်များကျင်းပပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူလေး များအနေဖြင့်လည်း စာကြည့်တိုက်မှာစာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အကျိုးထိရောက်စေသည့် ယခုလိုပွဲတော်များကို ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ပြည်နယ် အတွင်းရှိ မြို့နယ်များအလိုက် (၁၇)ကြိမ်ထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သောကျပန်းနှင့် ပုံပြင်ပြောပြိုင် ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများက ပြိုင်ပွဲဝင် ပုံစံဖြင့်ပြန်လည် သရုပ်ပြပါဝင် ယှဉ်ပြိုင်မှုများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့်ဇွဲ” စာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေး စာဖတ်ဝိုင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ် စာစောင်များကို လှူဒါန်းပေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် လူငယ်များအတွက် ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူ များနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊  သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် သုတ/ ရသစာအုပ်စာစောင် ပြခန်းများကို ကျောင်းသား/ကျောင်းသူများနှင့်အတူ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)