Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပညာရေးဒီဂရီကောလိပ် (ဘားအံ) ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်တားဆီးရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Nov 23,2024
ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း ၃၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော နုန်းများရှင်းလင်းနေမှု ကြည့်ရှုအားပေး
Nov 23,2024
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းနှင့်ရေမြောင်းများတွင် တင်ကျန်ရစ်သော နုန်းများအား ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရပ်ကွက်အလိုက် ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံအားပေး
Nov 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြမည့် သင်တန်းသားများအား သင်တန်းစုရပ်နေရာ၌ သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရွှေဘုန်းပွင့်ဘုရားလမ်း တိုးချဲ့ဖောက်လုပ်လှူဒါန်းပေးသော လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ ရေစက်ချအလှူတော်မင်္ဂလာ တက်ရောက်ချီ…
Nov 23,2024
လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ ရွှေဘုန်းပွင့်ဘုရားလမ်းတိုးချဲ့ဖောက်လုပ်သည့် လမ်းအရှည် (၁.၄၃) မိုင်(၇၅၃၉)ပေ၊ အကျယ် (၂၂) ပေအား ACကတ္တရာလမ်းခင်းခြင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းမကြီးမှ လွိုင်ခမ်းလမ်း (ကံကြီးရေဖြူရွာအနောက်ဘက်အစပ်) ထိ အရှည် (၁.၃၉)မိုင် (၇၃၇၅) ပေ၊ အကျယ် (၂၂) ပေနှင့် တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်း ကန်ပတ်လမ်းကွန်ကရစ်ခင်းရန် အလှူငွေများလှူဒါန်းပေးခြင်းအတွက် ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရ…
Nov 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း အဆောက်အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပ…
Nov 23,2024
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင…
Nov 23,2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်း ဖွင့်ပွဲတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေ…
Nov 23,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စုတွင် ဝင်ငွေတိုးစီမံကိန်းဖြင့် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အုန်းတောပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2538
Page
2539
Page
2540
Page
2541
Current page
2542
Page
2543
Page
2544
Page
2545
Page
2546
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department