အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2025
MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)မှ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 25,2025
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းကုလားစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Oct 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ဒေသ ဇေတဝန်ကျောင်းတိုက်အတွင်း၌ ဉာဏ်တော် ၂၇ တောင်ရှိ ရွှေတိဂုံပုံတူမြတ်ဘုန်းခေါင်ဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၌ (၂၀.၁၀.၂၀၂၅) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီး​ဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈) ဘီလီယံအစီအစဥ်ဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၁၁၈၀၁၆)ဧကစိုက်ပျိုးလျက်ရှိရာ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၇၄)၊ ဦးပိုင်အမှတ်(၂၈၇)၊ တောင်သူ ဦးသန်းဦး၏ လယ်မြေ (၅)ဧက၌ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့သည်။
Oct 25,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဘက်ထရီထိန်းသိမ်းနည်းနှင့်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉) နာရီကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္က၊ မြို့နယ်ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။