Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လာမည့်ရွေးကောက်ပွဲတွင် မဲပေးမှုမဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Oct 24,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများမဲပေးနိုင်မှု မဆုံးရှုံးစေရေးအတွက် အမရပူရမြို့နယ်လဝကမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အမရပူရမြို့နယ် မကျီးကိုင်းကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 24,2025
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းအလယ်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂေါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းများဆောင်ရွက်
Oct 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)အမှတ် ၁ စာသင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ မကူးစက်နိုင်သောရောဂါများ (နှလုံး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်) ရောဂါနှင့်ပတ်သက်သည့် NCD clinic လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 24,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်နှင့် မကူးစက်နှင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ညောင်လေးပင်မြို့ ဝါးရုံကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်…
Oct 24,2025
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို အားလုံးပူးပေါင်းပါဝင်၍ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ MSME ဈေးရောင်းပွဲတော်များ ကျင်းပနိုင်ရေး မီးရှူး မီးပန်းများ ပစ်လွှတ်နိုင်ရေးနှင့် မီးပုံးပျံများ လွှတ်တင်နိုင်ရေးတို့အတွက်လည်း လုပ်ငန်းကော်မတီဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်…
Oct 24,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၊ အ.ထ.က (၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 23,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2544
Page
2545
Page
2546
Page
2547
Current page
2548
Page
2549
Page
2550
Page
2551
Page
2552
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department