ငပုတော အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈) ဘီလီယံအစီအစဥ်ဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးကဒေသတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေများပေးအပ်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ယခုမတည်ထောက်ပံ့ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ဆက်လက်ကြီးကြပ်ခြင်း၊ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈)ဘီလီယံဖြင့် ချေးငွေရယူဆောင်ရွက်မည့်လုပ်ငန်းရှင်များအား စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းအတွက် ကျပ်(၁၀၃.၅)သန်း၊ မွေးမြူရေးကဏ္ဍအတွက် ကျပ် (၈၉.၄၉) သန်း၊ အခြားကုန်ထုတ်လုပ်ငန်းအတွက် ကျပ်(၃၃၄.၆၇၅)သန်း၊ စုစုပေါင်း (၅၂၇.၆၆၅)သန်းအား ချေးငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
 
     
    