ငွေဆောင်မြို့၊အမှတ်(၃) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ငွေဆောင် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၌ (၂၀.၁၀.၂၀၂၅) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီး​ဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငွေဆောင်မြို့အုပ်ချူပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ( ၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၆) စုရှိ လူဦးရေ(၂၀) ဦးအတွက် ဆန်ရိက္ခာဖိုး(၁၀၀၀၀၀) ကျပ်နှင့် တန်ဖိုး( ၇၉၆၃၉၈) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်းဖ၁၆) မျိုးပါ ပုံး(၆) ပုံးတို့အား မီးဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ​ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

R-014( ငွေဆောင်)