ကျောင်းကုန်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ကျောင်းကုန်း  အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၁၁၈၀၁၆)ဧကစိုက်ပျိုးလျက်ရှိရာ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၇၄)၊ ဦးပိုင်အမှတ်(၂၈၇)၊ တောင်သူ ဦးသန်းဦး၏ လယ်မြေ (၅)ဧက၌ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိုင်းရှိန်းလင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး၊ဆင်း သုခစပါးမျိုးကွဲအား ကောင်း/သင့်/ညံ့ ကိုယ်စားပြုစံကွက်(၃)မျိုး ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်တင်း အစို(၁၀၄.၁၇)တင်း၊ အ ခြောက် (၉၃.၂၁)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)