ငါန်းဇွန်မြို့နယ်တွင် မိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်းများ တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက်အား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲကျင်းပ

ငါန်းဇွန်  စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်အုပ်စု ဘုရားထူးကျေးရွာ အရှေ့ကွင်း တောင်သူ ဒေါ်စုစု၏ မိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်း ကွင်းအမှတ်(၉၁၈)၊ ဦးပိုင်အမှတ်(၅၂၈)၊ (၅.၀၀)ဧကစိုက်ခင်းတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး(၁)ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြကွက်အား ယနေ့နံနက် ၈နာရီအချိန်က ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

အဆိုပါမိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက်ခင်း  ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ အတွင်းရေးမှူး ရဲမှူးအောင်ကျော်ဦး (မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုမြင့်၊ ကျောက်တလုံးမြစ်ရေတင်တာဝန်ခံ ဦးသန်းဖေနှင့် မျိုးစေ့ထုတ်စိုက်တောင်သူများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများနှင့် တစ်ဧကတင်း(၁၀၀)အထက် ထွက်ရှိရေးတွင် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။                                                                               

 သက်နောင်ဦး