Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ကသာခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ…
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ အား ကသာမြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Sep 26,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် မွန်၊ မြန်မာနှစ်ဘာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေး
Sep 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန်အတွက် ယနေ့နံနက်(၉)နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Sep 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တိုက်နယ်ဆေးရုံ၌ ယမန်နေ့ မွန်းလွဲပိုင်း(၃) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံးထိုးနှံပြီးစီး
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံး ထိုးနှံပြီးစီးကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအသုတ် ပထမ အကြိမ် ထိုးနှံပြီးစီးသူများကို ဩဂုတ်လ၃၁ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ နောက်ဆုံးအဖြစ် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမတွင် ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့၌တည်ဆောက်လျှက်ရှိသောအောက်ဆီဂျင်စက်ရုံအတွက်အောက်ဆီဂျင်စက်ရောက်ရှိ
Sep 26,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် မြို့မိ၊ မြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ယခုအခါ အဆိုပါစက်ရုံအတွက် အောက်ဆီဂျင်စက်အသစ် ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည် ။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များ၏ လုံခြုံရေးများအား လိုက်လံစစ်ဆေး
Sep 26,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များ လုံခြုံမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25405
Page
25406
Page
25407
Page
25408
Current page
25409
Page
25410
Page
25411
Page
25412
Page
25413
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department