ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကွမ်းလုံ စက်တင်ဘာ ၂၆

ကွမ်းလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က​မြို့ပေါ်ရပ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရန်အတွက် ကွမ်းလုံမြို့နယ်တွင် နေထိုင်သူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်ပြင်ပသို့ မထွက်ခွာကြရန်၊ မဖြစ်မနေ ထွက်ခွာရမည်ဆိုပါက ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် ပြင်ပမှပြန်လာပါက စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေးရှောင်ကျဉ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသူများနှင့် စကားပြောဆိုခြင်း၊ ဈေးရောင်းဈေးဝယ် ပြုလုပ်ခြင်းတို့မှ ရှောင်ကျဉ်ကြရန်၊ မကြာမဏ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ ဆီချိုရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ရောဂါကူးစက်မခံရအောင် ဂရုတစိုက်နေထိုင်ကြရန်၊ ပြင်ပမှလာ​ရောက်သည့် ဧည့်သည်များ လက်မခံရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ကုသမှုခံယူရန်နှင့် ပြည်သူများအ​​ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး စည်းကမ်းချက်များကို စနစ်တကျလိုက်နာပြီး ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လှည့်လည် နှိုးဆော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြိုးမမ