အုတ်တွင်းမြို့နယ် မြင်းစုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ်ထုတ်ချေးပေး

အုတ်တွင်း သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကိုဗစ်-၁၉ကာလအတွင်း ကျေး လက်နေ ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍​​ခေါင်ရမ်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါပြဋ္ဌာန်းထားသော ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များအား ရှင်းလင်း​ပြောကြားခဲ့ပြီး ကျေးရွာမတည်ရန်ပုံငွေ ကျပ်၃၀၃သိန်းကို အသင်း  သား ၈၉ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အသီးသီး ပေးအပ် ခဲ့သည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်အဖြစ် ကျေးရွာရှိပြည်သူများမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၄၄)ဦး၊ အရောင်းအဝယ် (၁၅)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ()ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ()ဦးရှိကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းသည် ကိုဗစ်-၁၉ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်အရ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်လိုသူများအတွက် လိုအပ်သော အရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းညွှန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ခင်ခင်မာ