နွားထိုးကြီး စက်တင်ဘာ ၂၆
နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ရောဂါကူးစက်ပြီးနောက် ပြန်လည်ကျန်းမာသူ၏ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါသည်။
ကျွန်မကတော့ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာမှ မသင်းသင်းခိုင်ဖြစ်ပါတယ် ကျွန်မ ဖျားပြီးတော ့အနံ့မရ၊ အရသာပျောက်ပြီး ချောင်းဆိုးနေ၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ ပြည်သူ့ဆေးရုံတွင် စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့လို့ မြို့ရှေ့ Center မှာ (၁၀)ရက် ဆေးကုသမှု ခံယူရပါတယ်။ အစားကိုဝင်အောင် သေချာစားရပါတယ်၊ဆေးကိုလည်းစနစ်တကျသောက်ရပါတယ်။ အချိန်မှန် အိပ်ရပါတယ်၊ ဆရာ/ဆရာမများ တိုက်တဲ့ဆေးကိုလည်း စနစ်တကျ အချိန်မှန် သောက်ရပါတယ်၊ အစားအသောက်ကိုလည်း စနစ်တကျစားရပါတယ်၊ We love NatogyI နှင့်စေတနာရှင် ကုသိုလ်ရှင်များမှလည်း အဟာရရှိတဲ့ အစားအသောက်ကို လည်း လှူဒါန်းပေးပါတယ်၊မြို့ရှေ့ Centerမှာ (၁၀)ရက် ဆေးကုသမှုခံယူပြီး နေအိမ်တွင်လည်း (၇)ရက် နေထိုင်ရပါတယ်၊ မိဘပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါကင်းဝေးအောင် အပြင်ထွက်သည့်အခါ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးထွက်ကျပါ၊လူထူထပ်သည့် နေရာများကိုလည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းအပ်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။
သန်းအောင်ဇော်