ဆီဆိုင် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်(၆) ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါကာအတွင်း ခက်ခဲသည့် အိမ်ထောင်စုများထံသို့ ယနေ့ နံနက် ၉ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဆန်ဆယ့်နှစ်ပြည်အိတ်(၂၀)ဆန်ခြောက်ပြည်အိတ် (၄၀)၊ ပဲဆီ (၆၀)ဘူး ဆပ်ပြာခဲ (၂၄၀)ခဲတို့ကို ကိုဗစ်-၁၉ ရောဂါခံစားနေသူများ၊ ကန့်သတ်စောင့်ကြည့်လူနာများ၊ ခက်ခဲသည့်အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေ စေရန်အတွက် ဦးမျိုးမင်းဆွေနှင့် ဒေါ်နန်းခမ်းဗွာ (နဒီရွှေရည်အထည်ဆိုင်) မိသားစုမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)