မိုးနဲ စက်တင်ဘာ ၂၆
ကိုယ်ဝန်ဆောင်ချိန်ကာလမှ ကလေးအသက်(၂)နှစ်အထိ ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေး ၊ ကျန်းမာရေးနှင့် ညီညွှတ်သောအမူအကျင့်များ ကျင့်သုံးလာစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားယနေ့နံနက် ပိုင်းကကျေးရွာများအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနဦးစီးမှူးဒေါ်ခိုင်စံပယ်ဖြူ၊ ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မိုက်ဟိုင်းကျေးရွာအုပ်စု ၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ နောင်မြိုင်း ကျေးရွာအုပ်စု ၊ ဝမ်နားကျေးရွာအုပ်စု ၊နားခံရွာအုပ်စုများရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်(၁၀၀)ဦးနှင့် အသက်(၂)နှစ် အောက် ကလေးငယ်(၁၇၉)ဦး စုစုပေါင်း (၂၇၉) ဦးတို့အားတစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀)စီဖြင့် စုစု ပေါင်းငွေကျပ် (၁၂၅၅၅၀၀၀)ကို ကျေးရွာအရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)အုပ်စုအတွင်းရှိကိုယ်ဝန် ဆောင်မိခင် (၂၀၈)ဦးနှင့် အသက်(၂) နှစ်အောက်ကလေးငယ်(၃၃၂)ဦးရှိကြောင်း မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)