ပန်းတနော် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့်ထောက်ပံ့သော ၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ပုလဲ ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က တောင်သူများအနေဖြင့် အရည်အသွေး မြင့်မားပြီး မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရန်၊ စပါးအထွက်နှုန်းတိုးအောင် နည်းစနစ်တကျစိုက်ပျိုးကြရန်၊ လိုအပ်သည့် အကူ အညီများအား သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာအုပ် စု(၂၀) အုပ်စုရှိမျိုးစေ့ ထုတ်တောင်သူများအား စပါးစိုက်ဧက ၁၀၀ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ပုလဲဓာတ်မြေသြဇာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)