ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် တရုတ်နိုင်ငံ WUXI ZHONGRUI ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက် ဝယ်ယူသည့် Oxygen Plant စက် အသစ် ယနေ့နံနက်ပိုင်း ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Oxygen Plant စက်အသစ်အား OXYGEN စက်ဝယ်ယူတည်ဆောက်နိုင်ရေး နာယက ဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့များက ကွန်တင်နာဘောက်အတွင်း Oxygen Plant စက်အား ထည့်သွင်းတတ်ဆင်ပြီး ပေအရှည် (၂၀) ပေ၊ အနံ(၈)ပေ (၆)လက်မ၊ အမြင့်(၈)ပေ (၆)လက်မ ရှိ (၂၄) နာရီလျှင် အောက်ဆီဂျင် (၄၀) လီတာအိုး၊ အလုံး (၄၀) ထွက်ရှိမည့် ကွန်တင်နာဘောက်အား (၂၄)ဘီးပါ တွဲကားမော်တော်ယာဉ်ဖြင့် ကျောက်ကြီးမြို့နယ်သို့ သယ်ဆောင်ရောက်ရှိခဲ့ပြီဖြစ်၍ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ လမ်းညွှန်မှု၊ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အတွင်း Oxygen Plant စက် အမြန်ဆုံး လည်ပတ်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း OXYGEN စက် ဝယ်ယူတည်ဆောက်နိုင်ရေး နာယကဆရာတော်ကြီးများ မိန့်ကြားချက်အရ သိရသည်။
Oxygen Plant စက်အား မြို့နယ်ကြက်ခြေနီရုံး ခြံဝန်းအတွင်း၌ Oxygen Plant စက်ထားရှိမည့် အဆောက်အဦမပြီးခင် ယာယီထားရှိ မည်ဖြစ်ပြီး အောက်ဆီဂျင်စက် လည်ပတ်ထုတ်လုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အောက်ဆီ ဂျင်လိုအပ်နေသည့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Oxygen စက် ဝယ်ယူ တည်ဆောက်နိုင်ရေး အကျိုးတော်ဆောင်များ ပြောကြားချက်အရ သိရသည်။