ရသေ့တောင် စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈) နှစ်အထက် ဒေသခံပြည် သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Phase-2 အား ပထမအကြိမ်အဖြစ်ထိုးနှံပေးခြင်းကို သတ်မှတ်စု ရပ်အသီးသီးတွင် စက်တင်ဘာ ၂၄ ရက်နေ့မှ စ၍ နံနက်၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်စုရပ်များဖြစ်သည့် မေယုခန်းမ၊ စေတီတောင် ဓမ္မာရုံ၊ စေတီ ပြင်CFSI၊ လောင်းချောင်းအမက(၂)၊ ကူတောင်အကထနှင့် ဘာထလေ အထကတို့တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ စုစုပေါင်း (၄၆၈၇)ဦးတို့အား ထိုးနှံပေးခဲ့ပြီးကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးအတွင်းအောက်ဆီဂျင်တိုင်းခြင်း၊ စသည့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသည့် ဒေသခံပြည်သူများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)