ပဲခူးခရိုင်၊ပဲခူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် အသိပညာပေးနှိုးဆော်

ပဲခူး           စက်တင်ဘာလ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  ယနေ့တွင် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပညာပေး နှိုးဆော်ရာတွင် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး ()ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်း ရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ရှိအောင်လုပ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့ပေါ်လူစည်ကားရာ နေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေးနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရှိရသည်။

ဌေးဌေးကြည်(ခရိုင်ပြန်/ဆက်)