မိုးမိတ်မြို့၌ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုးမိတ်   စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို  တောင်ပိုင်း ရပ်ကွက် အတွင်းသို့ လှည့်လည်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် ပြည်သူများမှပူးပေါင်းပါဝင်ပြီး   ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန်ဟူ၍ စဉ်ဆက်မပြတ် လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)