ဒေးဒရဲ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းဆုံနှင့် မြို့အဝင်အထွက် နေရာများ၌ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ “ ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်ဆက်)