ကျိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေပေး အပ်ခြင်းအား အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

ကျိုင်းတုံ  စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)အောက် ကလေးများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးထိန်လင်းက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)အောက် ကလေးများအတွက် မွေးဖွားပြီး ရက်ပေါင်း ၁၀၀၀ အတွင်းမှာ ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ထောက်ပံ့ငငွေကြေးပေးအပ်ခြင်းကို  နိုင်ငံတော်မှ သုံးလကို တစ်ကြိမ်  ကိုယ်ဝန်ဆောင်မိခင်အတွက် ငွေကျပ် ၄၅၀၀၀ နှုန်း၊ အသက်(၂)အောက် ကလေးအတွက် ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ လက်ဝယ်အရောက်  မိမိတို့ဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး သွားထောက်ပံ့မှုအခြေအနေများ စသည့်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုများတိုးပွားစေရန်အတွက် စီစဉ်ရိုက်ကူးကာ We Love Kyainge tong Facebook Page တွင် ဖော်ပြတင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)