ခင်ဦး စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စက်တင် ဘာလ ၂၆ ရက်နေ့ထိ ရပ်ကွက်၊ကျေးရွာများတွင် အခမဲ့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့တို့မှ လာရောက်ကြည့်ရှု့အားပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အောင်ချမ်းသာရပ်၊ အောင်မင်္ဂလာရပ်၊ မြကန်သာရပ်နှင့် မကျီးတုံကျေးရွာ တို့တွင် အသက်(၁၆) နှစ်နှင့် (၁၈) နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ကျား (၁၈) ဦး မ (၁၇) ဦး၊ (၁၈) အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ကျား (၁) ဦး၊ မ (၆) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ ကျား (၆) ဦး၊ မ (၉) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံး ပြုလုပ်သူ ကျား (၄) ဦး၊ မ (၅) ဦး စုစုပေါင်း (၆၆) ဦးကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်စိုး ထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)