ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိ၊ ၈ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး  စက်တင်ဘာ      ၂၉

ဟားခါးမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦးထပ် မံတွေ့ ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၈ ဦး ပြန်လည် ကျန်းမာ လာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။    

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၀၁၄ ဦး၊  ဆေးရုံဆင်းခွင့် ရသူ ၈၅၅ ဦး၊ သေဆုံးသူ ၃၀ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၂၉ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း