ဟားခါး စက်တင်ဘာ ၂၉
ဟားခါးမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်သူများကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်း အားကစားရုံတို့တွင် ပြန်လည်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့မှစတင်၍ ပြန်ထိုးနှံခဲ့သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိနှင့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိများတွင် လည်းကောင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံချိန်၌ အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိသူများကို ပြန်လည်ထိုးနှံ ပေးခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများ နှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မောင်တက်လမ်း