ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပန်းတနော်-ဝါးခယ်မလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပန်းတနော်၊ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စုရှိ လမ်းဦးစီးဌာနရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဆောက်လုပ်ရေး(CE) မှ ပန်းတနော် -ဝါးခယ်မ လမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ဘုရားကျောင်းကျေးရွာ အုပ်စုရှိ Global Earth ငါးတန်မွေးမြူထုတ်လုပ်ရေး ကုမ္ပဏီသို့ရောက်ရှိပြီး ငါးသားပေါက်မွေးမြူခြင်း၊ မြေသား ကန်ဖြင့် ငါးတန်မွေးမြူထားရှိမှုများ၊အစာစက်ရုံ၊ အအေးခန်းစက်ရုံနှင့် စပါးခွံဖြင့်ရေနွေးငွေဘွိုင်လာ စက်ရုံတို့ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး Global Earth ငါးတန်မွေးမြူထုတ်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသား မစ္စတာလူယိုတို့မှ ငါးတန်မွေးမြူထုတ်လုပ်ဆောင်ရွက်နေခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်း ပေး သွားမည့်ကိစ္စရပ်များအား လမ်းညွှန်ပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ် အင်းမကျေးရွာရှိ တောင်သူ ဦးသန့်စင် ၏လယ်တွင် စပါးရိတ်သိမ်းခြွေလှေ့ဆောင်ရွက်နေမှုကို ကြည်ရှုအားပေး စကားပြောကြားခဲ့ပြီး ကျောင်ကုန်းမြို့သို့ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)