ကျေးသီး စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မြို့တွင်းလမ်းတစ်လျှောက်ဖွင့်လှစ် ရောင်းချနေသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်ရှိမှုမရှိစေရန်အတွက်ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထူးထက်၏ ကြီးကြပ်မှုဖြင့်မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါပြီးမြို့တွင်းလမ်းတစ်လျှောက်ဖွင့်လှစ်ရောင်းချ လျက်ရှိသော စား သောက်ဆိုင်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၊ ဆိုင်ကယ် ပစ္စည်းအရောင်းဆိုင်/ပြင်ဆိုင်များ၊ အစရှိသည့်စျေးဆိုင်များတွင်စျေးရောင်းနေသူများ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးနိုင်ရန်နှင့်ကူးစက်မှုမရှိစေရန်အတွက် ကာကွယ်ဆေးထိုးနှံပြီးသူများနှင့်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိပါက ကျေးသီးမြို့နယ် ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။