ကြံခင်း စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ "ပန်းခင်းစီမံချက်" ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ လမ်းမတော်လမ်း ရှိဗိုလ်ချုပ်ကြေးရုပ်အနီး လမ်းဘေးတွင်စိုက်ထူခဲ့ ကြောင်းသိရသည်။
အဆိုပါ ဆိုင်းဘုတ်တင်စိုက်ထူခြင်းနှင့် အသိပညာလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေး ခြင်းသည် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ "ပန်းခင်းစီမံချက်" ဆောင်ရွက်မှုအားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကြံခင်းမြို့နယ်ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုး ဦးဝင်ထူးနှင့် ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် အသိပညာပေး လက်ကမ်းစာစောင် (၂၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
"ပန်းခင်းစီမံချက်"ဖြင့်ဆိုင်းဘုတ်စိုက်ထူရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးသိန်းတန်နှင့် အဖွဲ့များကတတ်ရောက် ကြည့်ရှုပြီးလိုအပ်သည်များကို ပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်ဦးစီးမှုးရုံးမှ အခမဲ့ဖြန့်ဝေသော အသိပညာပေးလက်ကမ်းစာစောင်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ် မျိုးမျိုးရရှိရေး "ပန်းခင်းစီမံချက်"ဖြင့်ဆောင် ရွက်ပေး၊ "ပန်းခင်းစီမံချက်"ဆိုသည်မှာ ၊နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့်ကိစ္စများအား သိရှိစေရန်အချက်(၉)ချက်ဖြင့် ဖော်ပြပေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့်လူမှုစီးပွားဘဝမြှင့်တင်နိုင်မည်ဖြစ်ပါသည်၊ ရှေ့ပြေး လျှောက်လွှာများကိုမြို့နယ်(လဝက)ရုံးများ၌ အခမဲ့တောင်းခံနိုင်ပါကြောင်း၊ နှင့်မေးမြန်းစုံစမ်းရန်၊ ကူညီဆောင် ရွက်ပေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် မည့်သူများမြို့နယ်(လဝက) ရုံးနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ဆက်သွယ်ဆောင်ရွက်ရန်စတဲ့ အသိပညာပေးအချက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)