ပေါက်တောမြို့နယ်၌ မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်

ပေါက်တော  စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၈) နေ့က မီးဘေးအန္တရာယ် ကျရောက်ခဲ့သော အိမ်ထောင်စု () စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ပြုလုပ်သည်။

အဆိုပါ ကယ်ဆယ်ပစ္စည်းပေးအပ်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့ တက်ရောက်ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ မီးဘေးအန္တရာယ် ကျရောက်ခဲ့သည့် မိသားစုများအား မိမိတို့အနေဖြင့် ပေါ့ဆမှုကြောင်း နောက်နောင်မီးဘေး အန္တရာယ်မကျရောက်စေရန် စည်းကမ်းတကျ မီးသုံးစွဲစေလိုကြောင်း မှာကြားပေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်ဝင်းမှ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးရခြင်း အကြောင်းအရာအများကို ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် အိမ်ထောင်စု () စုအား အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၂၁၀၀၀/-) ကျပ်နှင့် အသုံးဆောင်ပစ္စည်း (၁၇) မျိုးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျော်သန်း