ညောင်ရွှေ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းလာစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဦးမင်းမင်းဇော်တို့က အမှာစကားပြောကြားကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများ၊ တားဆီးကာကွယ်ရေးနှင့် ကူးစက်ဖြစ်ပွားမှု လျော့ချရေးဆောင်ရွက်နေမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက် ထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာသစ်လွင်သိမ်းနှင့် အဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ