ကျောက်မဲ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆော်ဩဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများ၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဗစ် ပိုးတွေ့မှုအခြေ အနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက် များနှင့် အနံ့မရခြင်း၊ ဖျားနာ/ချောင်းဆိုးခြင်း၊ လတ်တလောမောပန်းလာခြင်းစသည့် ရောဂါ လက္ခဏာများဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ချင်းအကြောင်းကြားရန်၊ စားသောက်ဆိုင်များ အားလုံး Take Away ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ရပ်ကွက်အတွင်းသို့ အခြားဒေသမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူထံနှင့်ဆေးရုံသို့ အကြောင်းကြားရန် ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ တားမြစ် ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် အသက် ၅၀ နှစ်နှင့်အထက် ပြည်သူများ အား ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာ ပေး ဆော်ဩခဲ့ကြောင်း သိရသည်။
အလားတူ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ရပ်ကွက်များမှလည်း ၎င်းတို့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၄၄၈ ဦး ၊ သေဆုံးသူ ၇၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)