ကော့ကရိတ် စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ညနေ ၃နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများသို့ ဗမာနှင့်ပိုးကရင်စသည့် တိုင်းရင်းသာဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ်အဖြစ်ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေးလာရောက်ထိုးနှံကြရန်၊ ရောဂါကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)