ဇမ္ဗူသီရိ စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ လိုက်နာသင့်သည့် အချက် များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင် ထားပါ၊ လူအများနှင့် ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက် တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကို စက္ကန့်(၂၀) ကြာ မကြာခဏစနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက် ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပေး နှိုးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ အသံချဲ့စက်များဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)