မအူပင် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက နိုင်ငံသားတိုင်း နိုင်ငံသားစိစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းမရှိသေးသူများအား ပြုလုပ်နိုင်ရန်အတွက် (ပန်းခင်း)စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ သတ်မှတ်စည်းကမ်းများ သိရှိလိုက်နာနိုင်ရန် အသိပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် မြို့နယ်လဝက ဦးစီးမှူးဦးခင်မောင်အေး ဦးဆောင်သည့်ဝန်ထမ်းများက ကွင်းဆင်း ဖြန့်ဝေပေးကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်