မိုင်းတုံမြို့၌ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း ညှိနှိုင်းဆွေးနွေး

မိုင်းတုံ   စက်တင်ဘာ   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများ လျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို  ယမန်နေ့ ညနေပိုင်း အချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သာယာလှပရေးလုပ်ငန်းသည် အဓိကအရေးကြီးပါကြောင်း စသည့် အချက်များဖြင့် အဖွင့်အမှာစကားပြောကြာပြီး‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးစိုင်းအောင်မျိုးထက်က မိုင်းတုံမြို့နယ် အတွင်း ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပထမ(၆)လပတ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းအထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံ ကိန်း(VDP)နှင့် ပတ်သတ်၍ ချပြရှင်းလင်းခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကော်မတီအဖွဲ့သို့ ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ ပြန်/ဆက်)