မဘိမ်းမြို့၌ MCCT အစီအစဉ်တွင်အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်

မဘိမ်း      စက်တင်ဘာ     ၃ဝ    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ MCCT အစီအစဉ်တွင်အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေအင်ကြင်းက ထောက်ပံ့ငွေများပေး အပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂ဝ ပြည့်နှစ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများ အတွက် မြို့နယ်အတွင်းရှိ  MCCT အစီအစဉ်တွင်အကျုံးဝင်သည့် ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား တစ်လလျှင်ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် သုံးလ စာငွေကျပ် ၄၅ဝဝဝ ကို မြို့နယ်အတွင်းရှိ မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ ကိုယ် ဝန်ဆောင် မိခင်(၄၃၇)ဦးနှင့်အသက်(၂)နှစ်အောက်ကလေး(၅ဝ၄)ဦးတို့အတွက် ငွေကျပ် ၄၂၃၄၅ဝဝဝ ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးစီးမှူး ဒေါ်မေအင်ကြင်းတို့က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)