မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး ဆေးထိုးနှံခွင့်ရှိသည့် အလွှာအသီးသီးမှ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ

မိုင်းရယ် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် ကုန်ပစ္စည်းများ ရောင်းချသူများ၊ ရွှေ့ပြောင်း လူအုပ်စုနှင့် ယာယီစခန်းမှ လူပုဂ္ဂိုလ်များ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများစသည့် အလွှာအသီးသီးမှ ပြည်သူများအား ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးရာ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပရဟိတနှင့်လူမှုရေး အသင်းအဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်