ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ထပ်မံ​တွေ့ရှိလူနာ ၁၁ ဦး နှင့် အတည်ပြုလူနာ စုစုပေါင်း ၄၂၁၅ ဦးရှိ​​​​​​​

လောက်ကိုင်  အောက်တိုဘာ    ၁

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်  စက်တင်ဘာလ ၂၉   ရက်နေ့ ညနေ ၅ နာရီ အချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်မံ​​ တွေ့ရှိပြီး အတည်ပြု လူနာ စုစုပေါင်း ၄၂၁၅ ဦး ရှိကြောင်း၊ ဆေးရုံတက်ကုသကာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ၁၃ ဦး ရှိပြီး စုစုပေါင်း ဆေးရုံဆင်းသူ ၄၁၅၂ ဦး ရှိကြောင်း ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိကြောင်းနှင့် လက်ရှိအတည်ပြုလူနာပေါင်း ၅၈ ဦး ဖြစ်​ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ  သိရသည်။ 

 ခရိုင် ပြန်/ဆက်