ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည့်နေရာပြောင်းလဲမှုအား  အသံချဲ့စက်ဖြင့်လိုက်လံအသိပေး

ညောင်ဦး  အောက်တိုဘာ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃နာရီ အချိန်နှင့် အောက်တိုဘာ ၁ရက်၊ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများ အလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိကအလေး ထားဆောင်ရွက်လျှက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၅၅နှစ်မှ ၅၉နှစ်၊အသက် ၆၀နှစ်မှ အသက် ၆၉နှစ်နှင့် အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့်မကူး စက်နိုင်သောရောဂါရှိသူများအား လည်းကောင်း၊ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန်ကျန်ရှိသူများ အားလည်းကောင်း၊ စက်တင်ဘာ ၂၈ရက်၊ ယနေ့တွင်လည်း  နံနက် ၉နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာတန်ဆောင်း၊ ပုဂံ အထက၊ တောင်ဇင်းအထက၊ ငါ့သရောက် တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း ၊ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင်စေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။

ကိုထိန်၊KPD